Preminium Primer
( ဆီလာ/ခံဆေး )
( ဆီလာ/ခံဆေး )
3Trees Paint Primer ဆီလာခံဆေးကို အတွင်းအပြင်အသုံးပြုနိုင်ပါသည်။
အများအားဖြင့် မဆလာမှာဆားပါဝင်ပြီး အိမ်သုတ်ဆေးမှာအက်စစ်ပါပါတယ် ဒါတွေကိုကာကွယ်ဖို့ဆီလာကိုမဖြစ်မနေသုံးဖို့လိုအပ်လာပါတယ်။
ဒီလိုပြဿနာတွေမဖြစ်အောင်ကြိုတင်ကာကွယ်ဖြေရှင်းပေးဖို့ဆိုရင် 3Trees Preminium ကအကောင်းဆုံးပါ၊
အနံ့အသက်ကင်းခြင်း
အသုံးပြုရလွယ်ကူခြင်း ၊ ဖုံးအုပ်မှုအားကောင်းခြင်း
ရာသီဥတုဒဏ်ခံနိုင်ခြင်း ၊ ထုထည်ပိုကြွစေတယ်
Final အရောင်ထွက်အားကို ပိုမိုကောင်းမွန်အောင်လုပ်နိုင်ခြင်း
စွဲကပ်အားကောင်းလို့ဆေးသားမကွာကျစေခြင်း
ဆားမပေါက်ခြင်း၊မှိုမတက်ခြင်း
လေပူပေါင်းမထစေခြင်း
ခဲ၊ပြဒါး စတဲ့လူကိုဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ဓာတုဓာတ်ပေါင်းတွေမပါဝင်တာမို့ ဆေးသုတ်ဆရာတွေသာမက နေထိုင်သူတွေကိုပါ မထိခိုက်စေ ခြင်း
စတဲ့စတဲ့ အဖက်ဖက်မှ ပြီးပြည့်စုံတဲ့ 3Trees Paint Primer ( ဆီလာ ၊ ချုပ်ဆေး ) ပဲဖြစ်ပါသည်။
ဆီလာရဲ့အသုံးဝင်ပုံ
ဆေးသုတ်ပြီဆိုရင် တိုက်အသစ်ကိုပဲသုတ်သုတ်
တိုက်အဟောင်းကိုပဲ ပြန်ပြီးဆေးသုတ်သုတ်
အဓိက မပါမဖြစ် ပါဝင်ရမယ့်အရာက ဆီလာပါ
အတိုက်အတွင်းပဲ သုတ်သုတ် အပြင်ပဲသုတ်သုတ် ဆီလာကို မပါလို့မရပါဘူး
ဆီလာမပါခဲ့ရင် ဘယ်ပတ်တီအကောင်းစားသုံးပါစေ ဘယ်ဆေးအမျိုးအစား ကွာလတီအကောင်းစားသုံးပါစေ
ရေရှည်မှာ ဘယ်လိုမှမကောင်းနိုင်ပါဘူး
ပတ်တီးနဲ့ နံရံကြား ဆီလာပါဖို့လိုအပ်တယ်
ဆေးနဲ့ပတ်တီးကြားမှာဆီလာလိုအပ်ပါတယ်
နံရံအကြမ်းကို ပတ်တီးမရိုက်ခင် ဆီလာချုပ်ပါ
ပတ်တီးပေါ် ကော်ပတ်တိုက်ပြီးသွားရင် ဆေးမလှိမ့်ခင် ဆီလာချုပ်ပါ
နည်းစနစ်မှန်မှန်ကန်ကန်လုပ်မှသာလျှင် ဆေးတွေ ပတ်တီးတွေ နံရံတွေပေါ်မှာ ကွာလတီအရည်အသွေးကောင်းကောင်းနဲ့ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်
ဆီလာမချုပ်တဲ့ ဆိုးကျိုးများကတော့
နံရံနဲ့ပတ်တီးကြားမှာ ဆီလာမပါခဲ့ရင်
ပတ်တီသားသည်နံရံပေါ်မှာ ကြာရှည်စွာ ကုတ်အားမကောင်းနိုင်ပါ
အချိန်သိပ်မကြာခင်မှာ ပြန်ကွာ ပြန်ကြွလာနိုင်ပါသည်
အသုံးပြုနိုင်တဲ့နေရာများ
အတွင်းအပြင်သုံးနိုင်ပါသည်။
အလေးချိန် - 22 kg
အရောင် - အဖြူရောင်
ခြောက်သွေ့ချိန် - ၃နာရီမှ ၅ နာရီအတွင်း
*၂၂ kg ကို ၁ ကုတ် ကျင်း ၂၀ သုပ်နိုင်