Anit-Seepage Waterproof Slury
( ရေလုံဆေး )
( ရေလုံဆေး )
အနံ့အသက်ကင်းပြီး ထိထိရောက်ရောက် ရေလုံးဝလုံစေမယ့် ရေလုံဆေးကို ရှာနေတယ်ဆိုရင်တော့ 3Trees ရဲ့ SFS-999 ရှိနေပါပြီနော်
.
SFS-999( ရေလုံဆေး) ဟာ ရေယိုစိမ့်မှုကိုကာကွယ်နိုင်ဖို့ အထူးထုတ်လုပ်ထားပြီး
ရေချိုးခန်း၊ အိမ်သာ ၊ ရေကူးကန်၊ ရေကန် တို့တွင် ရေယိုစိမ့်တာတွေမဖြစ်စေပဲ ရေလုံးဝ လုံစေခြင်း
မှိုတက်ခြင်း၊ ရေညှိတက်ခြင်းနှင့် ဆားပေါက်မှုတွေကို ကာကွယ်ပေးနိုင်ခြင်းအပြင်
အနံအသက်လည်းကင်းပြီး ပိုးမွှားများမပေါက်ဖွားစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာနှင့်ပြီးပြည့်စုံတဲ့ ရေလုံဆေးပဲဖြစ်ပါတယ်
ဒီရေလုံဆေးတစ်ပုံးတွင် အရည်ကြည်နှင့် ဘိလပ်မြေရောင် အမှုန့် အတွဲလေးတွဲပါဝင်ပြီး စုစုပေါင်း 18kg ပါပါသည်။
ဒီရေလုံဆေးလေးဟာ Cement type ဖြစ်တဲ့အတွက် အပေါ်ကနေ ကြွေပြားကပ်တာ၊ ပတ်တီးရိုက်တာနှင့် ဆေးသုတ်တာဖြစ်ဖြစ်အသုံးပြုနိုင်ပါသည်။
အသုံးပြုနည်း
အရည်နှင့်အမှုန့်အစုံလိုက် ၄ တွဲပါရှိပါသည်
အစုံလိုက်အချိုးကျရောစပ်ပြီး Roller နဲ့အသုံးပြုနိုင်ပါသည်
အမေးများသော မေးခွန်းများ
💁♀️ တစ်ပုံးကို ၁ ကျင်းမှ ၁ ကျင်းခွဲအထိ 2 ကုတ်သုတ်လိမ်းနိုင်ပါတယ်ရှင် ...
💁♀️ အရည်နှင့်အမှုန့်ကို အချိုးကျ ရောစပ်ပြီး ရေချိုးခန်း ၊ ရေကူးကန်တို့တွေင် ကြွေပြားမကပ်ခင် topping မလောင်းခင်အရင်သုတ်လိမ်းသင့်ပါတယ်ရှင်
ခြောက်တဲ့အချိန်မှ ကျန်တဲ့အဆင့်တွေပြုလုပ်ပြီး ရေစိမ့်ခြင်းကိုကာကွယ်နိုင်ပါတယ်ရှင်
အလေးချိန် - 18 kg
ခြောက်သွေ့ချိန် - ၂နာရီမှ ၃ နာရီအတွင်း
ပါဝင်မှု - ၂ မျိုးစပ် ( အရည်အကြည်နှင့် ဘိလပ်မြေရောင် အမှုန့်တို့ပါဝင် ) အရည် အမှုန့် အစုံလိုက် ၄ စုံပါဝင်သည်။